Quantcast
Viewing all articles
Browse latest Browse all 148

သမ္မတဟောင်း ဦးသိန်းစိန် သာသနာ့ဘောင်သို့ ဝင်ရောက်

Image may be NSFW.
Clik here to view.
thein sein

နိုင်ငံတော်သမ္မတအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ မတ် ၃၁ ရကအ် ထိ တာဝန် ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန် သည် ယနေ့ နံနက် ၈ နာရီက ပြင်ဦးလွင်မြို့ အနီးစခန်း လေဆိပ် အနီးရှိ ပါမောက္ခချုပ်ဆရာတော်၏ ဓမ္မာဓိပတိစံကျောင်း၌ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတကြီးကို စစ်ကိုင်းသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ ကျင်းပစဉ်က သီတဂူဆရာတော်က သင်္ကန်းဝတ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်တွေ မအားလပ်တာကြောင့် သမ္မတ တာဝန်ကနေ ပြီးဆုံးသွားတဲ့အခါမှာ တော့ သာသနာ့ဘောင်ဝင်ပါဦးမယ်လို့ သမ္မတကြီး က ကတိပေးခဲ့ဖူး ပါတယ် ဟု သတီ ဂူသာသနာပြုအဖွဲ့ ဝင်တစ်ဦးက ပြောကြားသည်။

ဦးသိန်းစိန်သည် ယနေ့နံနက်တွင် ရဟန်းဘ၀သို့ ရောက်ရှိခဲ့ပြီး ဘွဲ့အမည်မှာ ဥူးသန္တိဓမ္မ ဖြစ် ကြောင်း သမ္မတဟောင်းနှင့် နီးစပ်နှင့် နီးစပ်သည့် မောင်မောင်အောင်၏ လူမှုကွန်ရက်မှ သိရှိရပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ရိုက်ကူးထားသည့် ရဟန်းဓာတ်ပုံများကိုလည်း ၎င်းက လူမှုကွန်ရက်တွင် တင်ထားရာ ဦးသိန်းစိန်ကို ထောက်ခံခဲ့သူ လူပေါင်းများစွာက ကြိုက်နှစ်သက်ကြောင်းနှင့် ပြန်လည်မျှဝေခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဒုလ္လဘအဖြစ် သင်္ကန်းဝတ် ခြင်းဖြစ်ပြီး ငါးရက်ခန့် သာသနာ့ ဘောင်တွင် နေထိုင်သီတင်းသုံးကာ တရားဘာဝနာများကို လိုက်နာကျင့် သုံးသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ပြောကြား သည်။

ဦးသိန်းစိန်သည် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းသည့်ကာလတွင် ထွက်ပေါ်လာခဲ့သည့် သမ္မတ တစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အများဆုံး အနိုင်ရခဲ့သည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အပြီး ရလဒ်များ ထွက်ပေါ်လာချိန်တွင် သမ္မတရာထူးတာဝန်ကို လက်ရှိ သမ္မတသစ်ထံ သိမ်မွေ့ညင်သာ အေးချမ်းစွာဖြင့် လွှဲပြောင်းပေးအပ်ခဲ့သူလည်း ဖြစ်သည်။

သမ္မတရာထူးတာဝန်ကို စွန့်ခွာခဲ့သည့် လေးရက်မြောက်နေ့တွင် ယခုကဲ့သို့ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟောင်း သတင်းသုံးရာ အဆိုပါစံကျောင်းသည် ပါမောက္ခချုပ်ဆရာတော်ကြီး နန္ဒမာလာဘိဝံသ နွေကာလတွင် ကျန်းမာရေးအခြေအနေအရ လာရောက်သီတင်းသုံးရာ စံကျောင်းတစ်ခုလည်း ဖြစ်သည်။


Viewing all articles
Browse latest Browse all 148

Trending Articles