Quantcast
Channel: Myanmar Life
Viewing all articles
Browse latest Browse all 148

မြေအောက်ရေဖြင့် စိုက်ပျိုးထားသော နွေစပါးခင်းများ အောင်မြင် ဖြစ်ထွန်း

$
0
0

Myanmar Rice

ယခုနှစ် နွေစပါးစိုက်ရာသီတွင် ရေစကြိုမြို့နယ် အတွင်းရှိ ကျေးရွာအချို့၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော နွေစပါးခင်းများမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် အယ်နီညိုရာသီဥတုကြောင့် ရေ ရှားပါးမှု ကြုံတွေ့နိုင်သဖြင့် သတိပေးချက်များအရ တောင်သူများမှာ သက်တမ်းတိုစပါးမျိုးများကို စိုက် ပျိုးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေး သည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်အတိုင်း စိုက် ပျိုးခဲ့ကြသဖြင့် စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ခြင်းဖြစ်ကြောင်း တောင်သူအချို့ထံမှ သိရသည်။

‘ကျွန်တော့်စပါးခင်းက မြေအောက်ရေနဲ့ စိုက် ပျိုးထားတာပါ။ စိုက်ပျိုးတဲ့စပါးမျိုးက သက်တမ်း တိုပြီး အထွက်နှုန်းကောင်းတဲ့ ပခန်းရွှေဝါစပါးမျိုး ဖြစ်ပါတယ်။ ပခန်းကြီး ဥှုဃဗ သင်တန်း ကျောင်းက ဝယ်ယူစိုက်ပျိုးတာ ဖြစ်ပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးတဲ့ သိပ္ပံနည်းကျစိုက်ပျိုးရေးစနစ်ကို ကျင့်သုံးစိုက်ပျိုး ပါတယ်။ အရင်က မနောသုခစပါးကိုစိုက်ပြီး ဒီနှစ် က အယ်နီညိုရာသီဥတုကြောင့် သက်တမ်းတိုစပါး မျိုးကို စိုက်ပျိုးကြဖို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြေညာထားတာ ကြောင့် သက်တမ်းတိုစပါးကို ရွေးချယ်စိုက်ပျိုး တာဖြစ်ပါတယ်”ဟု မြေအောက်ရေ ဖြင့် နွေစပါး စိုက်ပျိုးအောင်မြင်နေသည့် ထန်းဆယ်ပင်ကျေးရွာ မှ တောင်သူ ဦးတင်ညွန့်က ပြောသည်။

ရေစကြိုမြို့နယ်၌ ယခုနှစ် နွေစပါးစိုက်ရာသီ တွင် နွေစပါး ၃၅၂၉ ဧကကို လျာထားစိုက်ပျိုးလျက် ရှိကာ နွေစပါးများအတွက် ရေရရှိရေးကိုလည်း နည်းလမ်းငါးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ Myanma Alin


Viewing all articles
Browse latest Browse all 148

Trending Articles