Quantcast
Channel: Myanmar Life
Viewing all articles
Browse latest Browse all 148

အင်းတော်မြို့နယ်မဲဇာချောင်းတံတားပေါ်၌ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်

$
0
0

mawtaw let

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ် နတ်ရေတွင်း ရွာနှင့် မဲဇာရွာကြား မဲဇာချောင်းကူး တံတားပေါ်၌ ချား၊ ရဟတ်ပစ္စည်း များ တင်ဆောင်လာသော ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ သည်။

ဖြစ်စဉ်မှာ မတ် ၆ ရက် နံနက် ၉ နာရီက ရဲအုပ် စိုးလှိုင်သည် မဲဇာ ရဲကင်းစခန်းမှူး တာဝန်ဆောင်ရွက် နေစဉ် နတ်ရေတွင်းရွာနှင့် မဲဇာ ရွာကြား မဲဇာချောင်းကူးတံတားပေါ် ၌ ယာဉ်တစ်စီးတိမ်းမှောက်နေ ကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ဝန်းသို၊ နန်းခမ်း၊ မဲဇာကားလမ်းအတိုင်း ယာဉ်မောင်း တင်ဌေးမောင်းနှင်သည့် ယာဉ်အမှတ်MDY 2B/— ယာဉ်သည် စိုးမိုး အောင်(ချားရဟတ်) အဖွဲ့မှ ပစ္စည်း တင်ဆောင်ပြီး နတ်ရေတွင်း၊ မဲဇာ ယာယီ ချောင်းကူးတံတားအား ဖြတ်သန်းမောင်းနှင်စဉ် တံတား ကျိုးကျ၍ ယာဉ်မှာ ယာဘက် ခြမ်းသို့ လဲကျကာ မဲဇာချောင်း အတွင်းသို့ ပြုတ်ကျသွားခဲ့သည်။

လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်မောင်း တင်ဌေး(၅၇နှစ်) မန္တလေးမြို့နေသူအား အင်းတော်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။ Myanma Alin


Viewing all articles
Browse latest Browse all 148

Trending Articles